.. အချစ်စိတ်ဟာ ..
.. .. .. .. .. . .. လူတစ်ယောက်ကို ..
ခက်ထန်စေလား သိမ်မွေ့စေလား
မာကျောစေလား နူးညံ့စေလား
အေးစက်စေလား နွေးထွေးစေလား
ကြမးတမ်းစေလား ပျော့ပျောင်းစေလား
အနိုင်ယူလိုစိတ်ရှိလား အရှုံးပေးလိုစိတ်ရှိလား
ပူလောင်စေလား အေးမြစေလား
ရင်မောစေလား ကျေနပ်စေလား
အာဃာတထားတတ်လား စေတနာထားတတ်လား
အငြိုးကြီးထတ်လား ခွင့်လွှတ်စေတတ်လား
ပိုင်ဆိုင်ခြင်းလား ပေးဆပ်ခြင်းလား
ရယူခြင်းလား စွန့်လွှတ်ခြင်းလား
လျစ်လျူရှုလား ဂရုစိုက်တတ်လား
နာကျင်စေလား ကြင်နာတတ်လား
ကလဲ့စားချေတတ်လား သင်ပုန်းချေတတ်လား
မျက်နှာများတတ်လား သစ္ခာထားတတ်လား
သံသယပွားတတ်လား ယုံကြည်စိတ်ချလား
အရာရာကိုယ့်သဘောကျဖြစ်မှလား သူ့သဘောအတိုင်းဖြစ်စေမလား
ကိုယ်သေချာမသိဘူး
.. ကိုယ်အတွက်တော့ ..
မင်းပျော်နေတာမြင်ချင်တယ်
မင်းရယ်နေရင်ကိုယ်ပျော်တယ်
မင်းပြောသမျှကိုယ်နားထောင်မယ်
မင်းဝမ်းနည်းတဲ့အခါ ကိုယ်နှစ်သိမ့်ပေးမယ်
မင်းစိတ်ပျက်တဲ့အခါ ကိုယ်အားပေးမယ်
မင်းစိတ်ဆိုးရင် ကိုယ်ချော့မယ်
မင်းအနိုင်ယူလဲ ကိုယ်အရှုံးပေးမယ်
ကိုယ်ဟာမင်းရဲ့အရိပ်ကလေးဘဲ
သွားလေရာမှအမြဲပါမယ်
တစ်ခုဘဲရှိတယ်
မင်းမချစ်တော့ရင်ကိုယ်ငိုမယ်
.. .. .. .. .. သို့
မှ .. .. .. အိန်ဂျယ်