♥ wELcOMe tO aNgeLtOpiA ♥ အိပ်မက်တွေသာ တကယ်ဖြစ်လာမယ်ဆိုရင် ညတိုင်းအိပ်မက်မက်လှလှ မက်ခွင့်ရပါရစေ ♥

Blog Entrylemme have ur kissAug 1, '08 8:50 AM
for everyone
lemme have ur kiss

ရင်မှာလန်းမယ့် အကြင်နာအနမ်းပေး
ညင်သာရွရွ  ဖွဖွလေးမွှေး
လေပြေနွေးနွေး ပါးပြင်ပေါ်ဖြတ်ပြေး
ရင်ခွင်လေးထဲ တယုတယပွေ့ထွေး
သိမ်းထားပါရစေ အမြတ်တနိုးလေး
ဘယ်လောက်ဝေးဝေးမမေ့ကြေး


--
Angel May
www.angelmaylin.co.nr


Blog Entryအတိတ်မေ့ဆေးပေးပါJul 31, '08 9:02 AM
for everyone
အတိတ်မေ့ဆေးပေးပါ

ဘ၀သမားမို့ အနုအရွ အယုအယတွေနဲ့ဝေးခဲ့တယ်
သမုဒယဆိုတာလဲ ဘာမှန်းမသိခဲ့
သူများတွေ ဒစ္စကိုမီးမှိန်မှိန်လေးနဲ့
ဘ၀ရဲ့အရသာကိုအပြည့်အ၀မှီဝဲနေချိန်
စာမေးပွဲကျတာနဲ့ ကျောင်းထုတ်ပစ်မယ်အဘွားကဆိုလို့
ရေနံဆီမီးခွက်သေးသေးရဲ့ အလင်းရောင်မှိန်လေးနားမှာ
လယ်ထဲဆင်းခိုင်းမခံရဖို့ အသဲအသန်ကြီုးစားနေတုန်း
နိဗ္ဗာန်ဘုံဆိုတာ ဘာပါလိမ့်လို့ စဉ်းစားမရဘူး

အရောင်မွဲဘ၀မို့ သူငယ်ချင်းလုပ်ချင်တဲ့သူကလည်းမရှိ
တော်ရာထောင့်တခုခုမှာ လူတွေနဲ့ဝေးနိုင်သမျှဝေးအောင်နေရင်း
မကျက်ချင်တဲ့စာတွေကိုသာ အဖော်ပြုဖြတ်သန်းခဲ့ရတဲ့အချိန်တွေကို
တသက်တာမေ့ပစ်ချင်တယ်
လူတကာမနာလိုဖြစ်အောင် အတန်းထဲမှာ အမြဲတမ်းအဆင့်တစ်ရခဲ့တာက
စာတကယ်ကြိုးစားချင်လို့တော့ မဟုတ်ခဲ့ပါလေ

တချို့တွေကပြောကြတယ် ကလေးလေးဘ၀ကို တခါပြန်ပြီးရောက်ချင်သတဲ့
ငါ့အတွက်တော့ ဘယ်တော့မှပြန်မသွားချင်တဲ့ အတိတ်ဆိုးတွေမို့
လောကကြီးကို ကန့်လန့်တိုက်တဲ့ ဂွကောင်လို့ဆိုချင်ဆို
ငါကတော့မလွမ်းဘူး အဲဒီအတိတ်တွေကို
တကောင်ကြွက်နဲ့ဘာမှမထူးတဲ့ဘ၀မှာ
မညည်းရဲပါဘူး ခိုင်းသမျှအကုန်လုပ်
တနေ့လုံးမျိုသိပ်ခဲ့သမျှ ညအိပ်တော့မှ မျက်စေ့စုံမှိတ် အံကြိတ်နေရ
အဲဒီတုန်းက ငါဟာဘာမှမတတ်နိုင်ခဲ့သေးတဲ့ လူမမယ်အရွယ်လေ
ခုထိတောင်အိပ်မက်ဆိုးတွေမက်နေသေး
ဒါတွေကိုကုစားဖို့ မေ့ဆေးဆရာဝန်တစ်ယောက်အလိုရှိတယ်

မေမေ့မေတ္တာဆိုတာ မဆိုစလောက်ကလေးတော့ မှတ်မိနေပါသေးတယ်
၎နှစ်သမီးအရွယ်အထိပေါ့ ခပ်ရေးရေးထင်ကျန်နေဆဲ
မေမေပျောက်သွားတဲ့အဲဒီနေ့မနက်က ဘာအတွက်ဝမ်းနည်းမိမှန်းမသိဘူး
မျက်ရည်ခမ်းအောင်ငိုခဲ့ရတယ် ဘယ်မှာလဲမေမေရေ
အဲဒီတုန်းက ငါ့ရဲ့ကမ္ဘာကြီးပျက်သုဉ်းသွားပြီလို့တောင်ထင်တာ
ဒီလောကကြီးထဲက အပြီးပျောက်ကွယ်သွားတာမဟုတ်မှန်း
၁၀တန်းရောက်မှ သိခဲ့ရတယ်
ဒါမေမေလား  .. ၀ိုးတ၀ါးနဲ့ .. တအားပြေးဖက် မေမေ့လက်ကို  မလွှတ်တမ်းဆွဲကိုင်ရင်း  စဉ်းစား
ဘယ်သူနဲ့တူပါလိမ့် ... ဓာတ်ပုံထဲကအတိုင်းတော့ မဟုတ်ဘူးရယ်  ..
သြော် .. ဆံပင်တွေတိုသွားတာကိုး .. အပြင်မှာ ပိုလှသလိုဘဲ ..

တသက်လုံးတမ်းတခဲ့ပါတယ် မေမေလို့ခေါ်ခွင့်ကို
မျှော်လင့်ခဲ့မိသမျှ ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့်ပါလိမ့်
ခုချိန်ထိခေါ်ခွင့်မရသေးဘူး ရင်နင့်အောင်များ တမင်ညှင်းနေတာလား
ကံကြမ္မာရယ်တခါလောက်တော့ အခွင့်အရေးလေးပေးပါ
အပြစ်တော့မဆိုချင်ပါဘူး မချစ်ဘူးဆိုရင်လဲ
သံယောဇဉ်လေးတမျှင်လောက် ထားးရင်ဘဲ ကျေနပ်ပါပြီ
ခေါ်ခွင့်မရှိပေမယ့် မြင်နေခွင့်တော့ရှိသေးတယ်လေ
ဘာမှ မရှိတာထက်စာရင် တခုခုရှိတာကပိုကောင်းတယ်ဆို

ရေးကြဆိုကြပါရဲ့ မေမေ့မေတ္တာဘွဲ့တွေကို
အနွေးထွေးဆုံးအမေ့အိမ်ဆိုလား ထိပ်ဆုံးမှာအမေဆိုလား
မြင့်မိုရ်တောင် ဘယ်လောက်ကြီးတယ်ပြောပြော ငါနားမလည်ဘူး ငါမခံစားတတ်ဘူး
ပြန်ပါ့မယ်ဆို နွေးထွေးတဲ့အမေ့အိမ်က ဘယ်နားမှာလဲ
ခုချိန်ကျမှ မခေါ်ရရင်လည်း နေတတ်ခဲ့ပါပြီ ဒီဘ၀တော့ရှိပါစေလေ
နောက်ဘ၀မှ မေမေအသစ်ကို အမုန်းခေါ်မယ်
ရင်မနာတော့ဘူးလို့ပြောရင် မခံစားတတ်လို့မဟုတ်ဘူး
ကြေမွသွားတဲ့နှလုံးသားတစ်ခုက ဒီ့ထက်ပိုပြီးနာစရာမရှိလို့ပါ
စိတ်နာတယ်လို့မပြောချင်ပေမယ် စိတ်ဝေဒနာသည်တော့ဖြစ်နေပြီထင်တယ်
တစ်ယောက်ထဲ ငိုချင်ငို ရယ်ချင်ရယ်
ဒါဟာပုံမှန်မဟုတ်မှန်း ကိုယ်တိုင်လည်းသိပါရဲ့
ငါက ထိခိုက်ခံစားတတ်လွယ်လွန်းတဲ့နှလုံးသားပိုင်ရှင်မို့လို့ပါ

ဘ၀ရဲ့အကြမ်းတမ်းဆုံးအချိန်တွေကို အားအဖြစ်ပြောင်းလဲရင်း
ငါကြိုးစားရုန်းထွက်ခဲ့ပါတယ် ..
ဖိနှိပ်မှု ၊ အနိုင်ကျင့်မှု၊ ရက်စက်မှု၊ မတရားမှုတွေနဲ့ဝေးရာဆီ
ခုတော့ငါလွတ်မြောက်ခဲ့ပေမယ့်
တစ်ယောက်ထဲနေတတ်ခဲ့တဲ့ငါ
ခုချိန်ထိလည်:တစ်ယောက်ထဲနေတတ်နေဆဲပါ
ငြိမ်သက်ခြင်းက ငါနဲ့ အရင်းနှီးဆုံးသူငယ်ချင်း
တိတ်ဆိတ်ခြင်းက ငါ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ
စိတ်လေတိုင်း ဖက်တွယ်မိတာက မျက်ရည်စက်များပေါ့
အတိတ်ကိုပြန်လည်လို့မတူးဆွချင်ပေမယ့်လည်း
တခါတလေတော့ ဒီအရိပ်ဆိုးတွေကို ခါးသီးမိတယ်

(အိန်ဂျယ်အသက်၃၄နှစ်ပြည့်အမှတ်တရ ၃၁-၇-၂၀၀၈)

--
Angel May
www.angelmaylin.co.nr



Blog Entryအကြင်နာတစ်စက်Jul 31, '08 5:58 AM
for everyone

အကြင်နာတစ်စက်

ချစ်သူ .. .. ..
အကြင်နာတစ်စက်က ယစ်မူးသွား
အနက်ရှိုင်းဆုံး နှလုံးသား
ရင်ထဲမှာ ငြိတွယ်လှုပ်ရှား
ရုန်းမရအောင်ချည်နှောင်ထား
အချစ်သိရဲ့လား .. ... .. ..

ကိုယ့်အနားနား
တစ်ချိန်ချိန်မှာ မင်းပျောက်သွားမလား
တွေးရင်းဘယ်လိုနေမယ်စဉ်းစား
ရင်မှာ တကယ်ရူးသွပ်သွား
စိတ်ကူးနဲ့တင် သေမတတ်ခံစား
ကိုယ်ဟာအစိုးရိမ်လွန်သမား .. .. ..

ကျန်းမာရေးကို ဂရုစိုက်ပါတဲ့ လား
မင်းခဏခဏပြောတဲ့စကား
တစ်ရေးနိုးရင်တောင် ယောင်ယမ်းကြား
ကိုယ့်အတွက်အင်အားများ .. .. ..

ချစ်သူရဲ့ဂရုစိုက်လွန်မှုတွေကြား
ပြန်ပေးနိုင်တာကတစ်ခုထဲမို့ချစ်သူကိုသနား
အဲဒါ .. .. .. .. .. ..
.. သိပ်ချစ်တယ်  .. ဆိုတဲ့ ကိုယ့်နှလုံးသား
မင်းကျေနပ်ရဲ့လား .. .. .. .. ..

မင်းနဲ့ဆုံဆည်းခွင့်အား
ချိုမြိန်တဲ့အချစ်လို့သတ်မှတ်ထား
ထားခဲ့ကြတဲ့ကတိစကားများ
ဘယ်တော့မှပြောင်းလဲမသွား
ထာဝစဉ်တည်စေသား .. .. .. . . ..

မင်းဆီမှာကိုယ့်ဘ၀တစ်ခုလုံးပုံအပ်ထား
အဲဒီအတွက် တစ်ခုတည်းသောတောင်ဆိုစကား
တစ်သက်လုံးနေပေးပါကိုယ့်အနား
အချစ်လိုက်လျောပေးမှာလား .. ... ... ..

အကြင်နာတစ်စက်က ဒီလောက်ဖြစ်ရင်
အကြင်နာတစ်ခွက်လောက် သောက်မိချင်တယ်
မင်းရဲ့ အချစ်နွံ ၀ဲဂယက်ထဲက
ဘယ်တော့မှ ရုန်းမထွက်နိုင်အောင်လေ .. .. ..

--
Angel May
www.angelmaylin.co.nr

 


Blog EntryTo my little far far awayJun 7, '08 6:02 AM
for everyone

ချစ်သူ.. မျှော်လင့်ခြင်း ကမ်းပါးမှာ
စောင့်ကြိုနေသူကို
မင်းသာ ကြည့်တတ်မယ်ဆိုရင်
မြင်နိုင်ပါတယ်လေ..။

တိတ်ဆိတ်တဲ့ ညဥ့်နက်တွေမှာ
တိုးတိုးလေးညည်းနေတဲ့
အလွမ်းတေးကို
မင်းသာ နားထောင်တတ်မယ်ဆိုရင်
ကြားနိုင်ပါတယ်လေ..။

မင်းအကြောင်း တွေးလိုက်တိုင်း
မူမမှန်တော့တဲ့
ငါ့နှလုံးသားသံစဉ်တွေကို
မင်းသာ ခံစားတတ်မယ်ဆိုရင်
သိနိုင်ပါတယ်လေ..။

မင်း သိစေဖို့ မကြိုးစားချင်တဲ့
ငါ့မာနကို အပြစ်တင်ရမှာလား။
နွံမှန်းသိရက်နဲ့ ရုန်းမထွက်ချင်တဲ့
နှလုံးသားကိုပဲ ဒဏ်ခတ်ရမလား။

အတွေးကမ္ဘာထဲမှာ
ထွက်ပေါက်ရှာမရအောင်
ပိတ်မိနေရင်းမှ
ငါသိလိုက်တာ တစ်ခုရှိတယ်..
"မင်းကို သိပ်ချစ်တယ်တဲ့" လေ။

from friend ko myo - uae


.. အချစ်စိတ်ဟာ ..
.. .. .. .. .. . .. လူတစ်ယောက်ကို ..
ခက်ထန်စေလား သိမ်မွေ့စေလား
မာကျောစေလား နူးညံ့စေလား
အေးစက်စေလား နွေးထွေးစေလား
ကြမးတမ်းစေလား ပျော့ပျောင်းစေလား
အနိုင်ယူလိုစိတ်ရှိလား အရှုံးပေးလိုစိတ်ရှိလား
ပူလောင်စေလား အေးမြစေလား
ရင်မောစေလား ကျေနပ်စေလား
အာဃာတထားတတ်လား စေတနာထားတတ်လား
အငြိုးကြီးထတ်လား ခွင့်လွှတ်စေတတ်လား
ပိုင်ဆိုင်ခြင်းလား ပေးဆပ်ခြင်းလား
ရယူခြင်းလား စွန့်လွှတ်ခြင်းလား
လျစ်လျူရှုလား ဂရုစိုက်တတ်လား
နာကျင်စေလား ကြင်နာတတ်လား
ကလဲ့စားချေတတ်လား သင်ပုန်းချေတတ်လား
မျက်နှာများတတ်လား သစ္ခာထားတတ်လား
သံသယပွားတတ်လား ယုံကြည်စိတ်ချလား
အရာရာကိုယ့်သဘောကျဖြစ်မှလား သူ့သဘောအတိုင်းဖြစ်စေမလား
ကိုယ်သေချာမသိဘူး

.. ကိုယ်အတွက်တော့ ..
မင်းပျော်နေတာမြင်ချင်တယ်
မင်းရယ်နေရင်ကိုယ်ပျော်တယ်
မင်းပြောသမျှကိုယ်နားထောင်မယ်
မင်းဝမ်းနည်းတဲ့အခါ ကိုယ်နှစ်သိမ့်ပေးမယ်
မင်းစိတ်ပျက်တဲ့အခါ ကိုယ်အားပေးမယ်
မင်းစိတ်ဆိုးရင် ကိုယ်ချော့မယ်
မင်းအနိုင်ယူလဲ ကိုယ်အရှုံးပေးမယ်
ကိုယ်ဟာမင်းရဲ့အရိပ်ကလေးဘဲ
သွားလေရာမှအမြဲပါမယ်
တစ်ခုဘဲရှိတယ်
မင်းမချစ်တော့ရင်ကိုယ်ငိုမယ်

.. .. .. .. .. သို့
မှ .. .. .. အိန်ဂျယ်
 

Blog Entryကောင်လေးသို့ .. .. ..Apr 22, '08 8:49 AM
for everyone

http://www.myanmarfamily.org/forum/blog.php?b=76

ကောင်လေးရေ .. ..
နောင်အရေးကောင်းဖို့
မွေးရပ်မြေကိုစွန့်ခွာ
တပြည်တရွာမှာ
ငွေအသပြာ ဖွေရှာနေတဲ့
ကောင်လေးရေ .. .. ..

ဟို .. ဒီ .. ယောင်ဝါး
အာရုံထွေပြား စိတ်မကစားနဲ့
အချိန်ရှိခိုက် လုံ့လစိုက်ပြီး
အလုပ်ကိုသာ ခုနှယ်ခါမှာ
ကြိုးစားပါကွာ
ပြောစကားနားထောင်
စိတ်မကောက်နဲ့
စိတ်ကောက်တတ်တဲ့အကျင့်ကို
မင်းကောင်မလေးကိုပေးလိုက်
သဘောထားမြတ်ပါစေ
ကောင်လေးရေ .. .. ..

ခဏတော့သည်းခံပါ
လိုအင်ဆန္ဒများဟာ
တနေ့နေ့တော့ ပြည့်လာမှာ
လူဆိုတာ .. .. .. .. .. .. .. ..
ပျော်ရာမှာမနေ တော်ရာမှာနေပြီး
မျှော်လင့်ချက်နဲ့ အသက်ရှင်ရသတဲ့
ကြိုးစားရင်မလွဲ ဘာမဆိုဖြစ်မှာဘဲ
ဇွဲမလျှော့နဲ့
ကောင်လေးရေ .. .. ..

ဝမ်းစာရေးအတွက်
အရမ်းရှာရတယ်ဆိုပေမယ့်လည်း
အထူးမှာချင်တာက
အချိန်မှန်အိပ် အချိန်မှန်စားလို့
လွမ်းစရာလေးတွေ ဘေးဖယ်ထားပြီး
ကျန်းမာရေးကိုတော့ ဂရုစိုက်ဦးနော်
ကောင်လေးဖျားတော့ စိတ်ပူတယ် .. .. ..

ကိုယ်စိတ်နှစ်ဖြာ
ချမ်းသာစေကြောင်း
လှိုက်လှဲစွာ မေတ္တာရည်လောင်းလို့
မမအိန်ဂျယ်မေက .. .. ကောင်လေးအတွက်
ဆုမွန်ကောင်းများ
နေ့စဉ်တောင်းပေးနေတယ်ဆိုတာ
ယုံကြည်ပါတော့ .. .. ..

ကောင်လေးတစ်ယောက်
လောကအလယ်မှာ သောကမကြွယ်ဘဲ
ဒေါန စံပယ်လို မွှေးပါစေ .. .. ..

၂၁-၄-၀၈ တနင်္လာနေ့တုန်းက
ကဗျာလေးတစ်ပုဒ် ရေးကာပေးပါဦးလို့
ဖုန်းဆက်ကာ အပြေးလာပြောပါတဲ့
အဝေးတစ်နေရာမှ မောင်လေး ကျော်ကျော်အတွက်

ဝန်ခံချက် - အိန်ဂျယ်မေကိုယ်တိုင် ခံစားရေးပါသည်။
ကဗျာမရေးတတ်တဲ့အိန်ဂျယ် ခုတော့ ကောင်လေးကြောင့် ကဗျာရေးတတ်ပြီပေါ့
ဒါလေးရေးဖို့ ကာရန်တွေရှာနေရတာနဲ့ ညက ၃နာရီ ထိုးသွားတဲ့အထိပါဘဲ။
 

  သင်္ကြန်ရောက်တော့မယ် လွမ်းလိုက်တာ

လွမ်းရတာတွေကများတယ်
အမေနဲ့ရွာကိုလွမ်းတယ်
ငယ်ငယ်တုန်းကဘ၀လေးကိုလွမ်းတယ်
အဖေနဲ့အမေကိုလွမ်းတယ်
အဘွားနဲ့ရွာကိုလွမ်းတယ်
ရွာကမူလတန်းကျောင်းလေးကိုလွမ်းတယ်
အထက်တန်းကျောင်းကြီးကိုလည်းလွမ်းတယ်
၁၀တန်းတုန်းက ကမ့်ဝင်ရတာကိုလည်းလွမ်းတယ်
ဆရာကြီးအရိုက်ခံရတာကိုလွမ်းတယ်
မြန်အောင်မှာ၁၀စာမေးပွဲသွားပြီးဖြေခဲ့တာကိုလွမ်းတယ်
အဲဒီတုန်းက သမိုင်းဘာသာအမှတ်၄၀ဖိုးဘဲဖြေခဲ့တာကိုလွမ်းတယ်
အောင်စာရင်းထွက်တော့ကျတယ်ထင်ပြီးသွားမကြည့်ခဲ့တာကိုလွမ်းတယ်
လှည်းကူးမှာကျောင်းပြန်တက်မယ်ဆိုပြီးရွာကိုပြန်ကျောင်းထွက်လက်မှတ်ယူတာ ရွာမရောက်ခင်လမ်းမှာမော်တော်ပေါ်ကျမှ ရွာကလူတွေနဲ့တွေ့ပြီး စာမေးပွဲအောင်မှန်းသိရတာကိုလွမ်းတယ်
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ကို စပြီးယောင်လည်လည်နဲ့ရောက်တဲ့နေ့ကိုလွမ်းတယ်
၎ထပ်ကျောင်းဆောင်ကြီးရဲ့ပေၞထပ်ထောင့်စွန်းကစာသင်ခန်းလေးကိုလွမ်းတယ်
အတန်းရဲ့ရှေ့ဆုံးခုံတန်းကညာဘက်ထောင့်စွန်းလေးမှာ တစ်ယောက်တည်းထိုင်ခဲ့ရတယ်ကိုလွမ်းတယ်
တစ်ပတ်လောက်နေမှခင်ခဲ့ရတဲ့ သူငယ်ချင်း၂ယောက်ကိုလွမ်းတယ်
ဒုတိယနှစ်ရောက်မှရတဲ့သူငယ်ချင်းတွေအကုန်လုံး (ဘကြီးအောင်၊ကိုကြီးကျော်၊ ခွတို (စိတ်မဆိုးနဲ့-ခွတိုဆိုတာမသိရင်မှတ်ထား နင့်ဘဲလို့ ပြောခဲ့တာလဲလွမ်းတယ်)၊ ကိုကျောက်ခဲ ၊ မမြလင်းစိန်၊ ဆွေဇင် ၊ မြတ် ၊ ကိုဇော်ဦး နှင့်တကွအားလုံး) ကိုလွမ်းတယ်
အဲဒီနှစ်က ပုဂံဘုရားဖူးသွားခဲ့ကြတာလွမ်းမိတယ်
ကျောင်းလခတွေစိုက်ပြီးပေးခဲ့တဲ့ အတန်းခေါင်းဆောင်ကိုဇော်ဦးကိုလွမ်းတယ်
အရမ်းသဘောကောင်းပြီးခင်တတ်တဲ့ ပုဂံဘုရားဖူးကပြန်လာပြီး ဆုံးသွားတဲ့ ကိုစိန်ထွန်းသာ (ကိုစိန်ကြီး)ကိုလွမ်းတယ်
ကန်တင်းန်သွားတိုင်းမုန့်ဝယ်ကြွေးတဲ့ ဘကြီးအောင်ကိုလွမ်းတယ်
အိမ်ကနေကျောင်းကို အသွား၁၀ကျပ် အပြန်၁၀ကျပ် စုစုပေါင်း တစ်နေ့ကို ၂၀ကျပ်နဲ့ တက္ကသိုလ်တက်ခဲ့ရတဲ့ဘ၀ကိုလွမ်းတယ်
အင်းလျားကန်ကိုလွမ်းတယ်
ှဗူးသီးကြော်ဆိုင်တွေကိုလွမ်းတယ်
နောက်ဆုံးနှစ် မိန်းထဲရောက်တော့ ဦးချစ်ဆိုင်ကိုလွမ်းတယ်
အဓိပတိလမ်းမကြီးကိုလွမ်းတယ်
ဘွဲ့နှင်းသဘင်ခမ်းမကြီးကိုလွမ်းတယ်
ဂျပ်ဆင်ကြီးလဲလွမ်းတယ်
ကန့်ကော်ပွင့်တွေကိုလွမ်းတယ်
သထုံဆောင်ကိုလွမ်းတယ်
စာသင်ခန်းလေးတွေကိုလည်းလွမ်းတယ်
ရည်းစားဟောင်းလေးကိုလွမ်းတယ်
နွားနို့ဆိုင်လေးကိုလွမ်းတယ်
ရုပ်ရှင်ရုံလေးကိုလွမ်းတယ်
သင်္ကြန်မှာ အင်းလျားလမ်းကမဏ္ဍပ်တွေဆီအတူလျှောက်သွားခဲ့တာကိုလွမ်းတယ်
ရေပက်နေတဲ့ မဏ္ဍပ်ရှေ့ရောက်တော့ ရှူးရှူးဖလားဝါးခဲ့တာကိုလွမ်းတယ်
ဘာလိုလိုနဲ့သင်္ကြန်ရောက်တော့မယ်
ရည်းစားဟောင်းလေးဘယ်ရောက်နေသလဲကွယ်
ဒီနှစ်သင်္ကြန်မှာ အိန်ဂျယ်တစ်ယောက်တည်းလွမ်းနေရတော့မယ်


Blog EntryAngel's Rythemless Poem for Valentine 2008hFeb 14, '08 2:35 AM
for everyone

 

နင်ဟာ.....ဘာအတွက်နဲ့များငါ့ကို ရွေးချယ်ခဲတာလဲ...
နင်ဟာ.....ဘာကြောင့်များငါ့ကို တစ်ချိန်လုံးညာနေခဲ့တာလဲ...
နင်ဟာ......ဘာကြောင့်မို့ငါ့ကို အမြဲငိုနေရအောင်လုပ်နေရတာလဲ...
နင်ဟာ...ဘယ်သူ့ကိုမှ ဖုန်းမဆက်ဘူးပြောတယ်.. ပြီးတော့ငါကလွဲရင်အားလုံးနဲ့ ဖုန်းပြောတယ်...
နင်ဟာ...အမြဲငါမကြိုက်တာတွေကိုမှ ရွေးပြီးလုပ်တယ်..ပြီးတော့ငါ့ကိုအမြဲအပြစ်ရှာသေးတယ်..
နင်ဟာ...တစ်နေ့နေ့မှာ ငါ့ထက်ပိုပြီးအဆင်ပြေတဲ့သူနဲ့တွေ့ခဲ့ရင်...
နင်ဟာ...ငါ့ကို ပြတ်သားစွာနဲ့ထားရစ်ခဲ့မှာဘဲ... ဒါကြောင့်
နင်ဟာ...အစထဲက ဘာကြောင့်များငါ့ကိုရွေးချယ်ခဲ့တာလဲလို့...ငါမေးခဲတာပေါ့...

ငါဟာ...နင့်ကိုအရူးအမူးဖြစ်ခဲ့တယ်...
ငါဟာ...နင့်ကိုအရာအားလုံးပေးဆပ်ပြီးချစ်ခဲ့တယ်...
ငါဟာ...နင့်တစ်ယောက်ကိုဘဲချစ်ခဲ့တယ်...ဒါပေမယ့်...နင်ဟာ..ငါကလွဲရင်အားလုံးကိုချစ်တယ်...
ငါဟာ...နင့်ကိုစာနာမှုနဲ့စေတနာတွေထားခဲ့တယ်...နင်ကတော့နင်အဆင်ပြေဖို့ဘဲအမြဲတွေးတယ်...
ငါဟာ...နင်နဲ့ဝေးရမှာကိုသေရမှာထက်ကြောက်ခဲ့တယ်...နင်ကတော့ငါ့အနားမှာနေရမှာကိုကြောက်နေတယ်...
ငါဟာ...အေးအေးချမ်းချမ်းနေချင်တယ်...နင်ကတော့သိပ်ကိုထင်ပေါ်ကြော်ကြားလူသိများချင်တယ်...(အထူးသဖြင့်မိန်းကလေးတွေကြားထဲမှာပေါ့)...
ငါဟာ...အရှိအတိုင်းရောင့်ရဲတင်းတိမ်နေချင်တယ်...နင်ကတော့သိပ်ချမ်းသာချင်တယ်...
ငါဟာ...နင်နဲ့အေးအတူပူအမျှ ဘ၀တစ်ခုတည်ဆောက်ချင်တယ်...နင်ကတော့ဆင်းရဲမှာကိုကြောက်တယ်...
ငါ့အတွက်....အချစ်ကအရာအားလုံးထက်ပိုအရေးကြီးတယ်...နင်ကတော့အချစ်ဟာဘာမှအရေးမကြီးဘူး....
ငါဟာ...နင့်အတွက်နဲ့အမြဲငိုနေခဲ့ရတယ်...နင်ကတော့ ငါငိုတာကိုကြည့်ပြီး ရှုံ့ချပြစ်တင်နေခဲ့တယ်...
ငါဟာ...နင့်ဆီကအကြင်နာလိုချင်တယ်...နင်ကတော့ ငါကလွဲရင်အားလုံးကိုကြင်နာပေးတယ်... ငါ့ကိုတော့ဘာကြောင့်များနာကျင်စေတာလဲ... ဒါတောင်မှ ခုချိန်ထိ...
ငါဟာ...နင့်ကိုချစ်မိလို့ နောင်တမရချင်သေးဘူး...နင်နဲ့ဝေးရင်ငါသေမယ်လို့ထင်နေတယ်...
တကယ်တော့ ဒီဇာတ်လမ်းကိုငါအရင်မစခဲ့ပါဘူး... ဒါပေမယ့် နင့်ကိုယုံမိတာ ငါ့ရဲ့ပထမအမှား....နင့်ကိုချစ်မိခဲ့တာက ဒုတိယအမှား... ချစ်နေသေးတာကဆက်ပြီးမှား... မှားပြီးရင်းမှား...မှား....မှား........မှား........

ရင်ထဲမှာဟာနေတယ်... ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်ငါဆုတောင်းချင်တယ်...
ဘ၀ဆက်တိုင်းကိုယ်ကချစ်ရတဲ့သူမဖြစ်ရပါစေနဲ့...သူချစ်ကိုသာငါလိုတယ်...
အဲဒီအခါ ငါ့ကိုသိပ်ချစ်တဲ့သူကို ငါ့အသက်ပေးပြီးပြန်ချစ်မယ်လို့ ငါသစ္စာဆိုတယ်....

ခုတော့ .... နာကြင်ကြေကွဲနေတဲ့ နှလုံးသားတစ်စုံနဲ့..... ငါပြုံးနိုင်အောင်ကြိုးစားနေတယ်.. .. ..

အိန်ဂျယ်မေ - ကိုယ်တိုင်ခံစားရေးပါသည်။



Blog Entryv2008Jan 18, '08 7:09 AM
for everyone

Cursors


Blog Entrywhich month were you born?Oct 12, '06 3:34 AM
for everyone

 To Frds,  Check this! It is almost true.                                                               

Pick the MONTH that you were born in & put it on the SUBJECT LINE. Then FWD it to everyone you know including the person that sent it to you. They might understand you better.

 


 

 

JANUARY:

                            Stubborn and hard-hearted                             

Ambitious and serious.

Loves to teach and be taught.

Always looking at people's flaws and weaknesses.

Likes to criticize.

Hardworking and productive.

Smart, neat and organized.

Sensitive and has deep thoughts.
Knows how to make others happy.

Quiet unless excited or tensed.

Rather reserved.

Highly attentive.

Resistant to illnesses but prone to colds.
Romantic but has difficulties expressing love.

Loves children.

Loyal.
Has great social abilities yet easily jealous.

Very Stubborn and money cautious.
______________________________________ _________

FEBRUARY:

Abstract thoughts.

Loves reality and abstract.

Intelligent and clever.

Changing personality.

Attractive.

Temperamental.

Quiet, shy and humble.

Honest and loyal.

Determined to reach goals.

Loves freedom.

Rebellious when restricted.

Loves aggressiveness.

Too sensitive and easily hurt.

Gets angry really easily but does not show it.

Dislike unnecessary things.

Loves making friends but rarely shows it.

Daring and stubborn.

Ambitious.

Realizing dreams and hopes.

Sharp.
Loves entertainment and leisure.

Romantic on the inside not outside.
Superstitious and ludicrous.

Spendthrift.

Tries to learn to show emotions.
_________________________________

MARCH:

Attractive personality.

Sexy.

Affectionate.

Shy and reserved.

Secretive.
Naturally honest, generous and sympathetic.

Loves peace and serenity.
Sensitive to others.

Loves to serve others.

Easily angered.

Trustworthy.
Appreciative and returns kindness.

Observant and assesses others.
Revengeful. Loves to dream and fantasize.

Loves traveling.

Loves attention.
Hasty decisions in choosing partners.

Loves home decors.

Musically talented.
Loves special things.

Moody.
_________________________________

APRIL:

Active and dynamic.

Decisive and haste but tends to regret.
Attractive and affectionate to oneself.

Strong mentality.

Loves attention.
Diplomatic.

Consoling, friendly and solves people's problems.

Brave and fearless.

Adventurous.

Loving and caring.

Suave and generous.

Emotional.
Aggressive.

Hasty.

Good memory.

Moving

Motivates oneself and others.
Sickness usually of the head and chest.

Sexy in a way that only their lover can see.
_________________________________

MAY:

Stubborn and hard-hearted.

Strong-willed and highly motivated.

Sharp thoughts.

Easily angered.

Attracts others and loves attention.

Deep feelings.

Sexy.

Beautiful physically and mentally.

Firm Standpoint.

Needs no motivation.

Easily consoled.

Systematic (left brain).

Loves to dream.

Strong clairvoyance.

Understanding.

Sickness usually in the ear and neck.

Good imagination.

Good physical.

Weak breathing.

Loves literature and the arts.
Loves traveling.

Dislike being at home.

Restless.

Having more than one child.
Hardworking.

High spirited.

Spendthrift.
_________________________________

JUNE:

Thinks far with vision.

Easily influenced by kindness.

Polite and soft-spoken.

Having lots of ideas.

Sensitive.

Active mind.

Hesitating, tends to delay.

Choosy and always wants the best.

Temperamental.

Funny and humorous.

Loves to joke.

Good debating skills.

Talkative.

Daydreamer.
Friendly.

Knows how to make friends.

Abiding.

Able to show character.

Easily hurt.

Prone to getting colds.

Loves to dress up.

Easily bored.

Fussy.

Seldom shows emotions.

Takes time to recover when hurt.

Brand conscious.

Executive.
Stubborn.

_________________________________

JULY:

 Fun to be with.

Secretive.

Difficult to fathom and to be understood.
Quiet unless excited or tensed.

Takes pride in oneself.

Has reputation.
Easily consoled.

Honest.

Concerned about people's feelings.

Tactful.
Friendly.

Approachable.

Emotional temperamental and unpredictable.

Short Tempered.

Moody and easily hurt.

Witty and sparkly.

Not revengeful.

Forgiving but never forgets.
Dislikes nonsensical and unnecessary things.

Guides others physically and mentally.

Sensitive and forms impressions carefully.

Caring and loving.
Treats others equally.

Strong sense of sympathy.

Wary and sharp.

Judges people through observations.

Hardworking.

No difficulties in studying.

Loves to be alone.

Always broods about the past and the old friends.

Likes to be quiet.

Home Body.

Waits for friends.

Never looks for friends.

Not aggressive unless provoked.

Prone to having stomach and dieting problems.
Loves to be loved.

Easily hurt but takes long to recover.
_________________________________

AUGUST:

Loves to joke.

Attractive.

Suave and caring.

Brave and fearless.
Firm and has leadership qualities.

Knows how to console others.

Too generous but egotistic.

Takes high pride of oneself.

Thirsty for praises.
Extraordinary spirit.

Easily angered.

Angry when provoked.

Easily jealous.
Observant.

Careful and cautious.

Thinks quickly.

Independent thoughts.

Loves to lead .

Loves to dream.

Talented in the arts, music and defense.

Sensitive but not petty.

Poor resistance against illnesses.

Learns to relax.

Hasty and trusty.

Romantic.

Loving and caring.

Loves to make friends .
_________________________________

SEPTEMBER:

Suave and compromising.